ဝက်ခြံထွက်သူတိုင်း သတိပြုရမယ့် အချက်(၅)ချက်
ဝက်ခြံထွက်သူတိုင်း သတိပြုရမယ့် အချက်(၅)ချက် (၁) မျက်နှာကို အလွန်အကျွံသန့်ရှင်းခြင်း တကယ်တော့ ဝက်ခြံဆိုတာ မျက်နှာသန့်ရှင်းမှု အားနည်းလို့ချည်း ဖြစ်တာမျိုး မဟုတ်ဘူး။ တခြားအကြောင်းအရာတွေ ပါဝင်နေမယ်။မျက်နှာ အလွန်အကျွံသန့်ရှင်းတာ၊ scrubbing လုပ်တာတွေက တခါတရံ ဝက်ခြံကို ပိုဆိုးစေတယ်။ မျက်နှာမှာ ပုံမှန်အားဖြင့်ကို အဆီလွှာတထပ်ကာထားတယ်။ အဆိုပါအဆီလွှာက အစိုဓာတ်ကို ထိန်းပေးနေမယ်။ မျက်နှာသစ်လွန်းတဲ့အခါ အဆီလွှာမရှိတော့ဘဲ ဝက်ခြံ ပိုထွက်လာစေတယ်။ ပုံမှန်အားဖြင့် တရက်ကို မျက်နှာ နှစ်ကြိမ်ထက်ပိုမသစ်သင့်သလို scrubbing လုပ်တာလည်း တပတ် ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။ (၂) မျက်နှာအသားအရေပစ္စည်းများ ပြိုင်တူအသုံးပြုခြင်း မျက်နှာ အပေါ်ယံအရေပြားလွှာက တလွှာထဲသာရှိတယ်။ အဲဒီတလွှာထဲ ကို ပျောက်ချင်ဇောနဲ့ အလှအပပစ္စည်းတွေ တကြိမ်တည်းမှာ ရောသုံးတာ မှားတယ်။ အသားဖြူဆေး၊ ဝက်ခြံပျောက်ဆေး၊ ပေါင်းတင်ဆေး၊ နေလောင်ကာ၊ မိတ်ကပ် စတာတွေ ပြိုင်တူအသုံးပြုနေခြင်းဟာ ဝက်ခြံကို ပိုဆိုးစေတယ်။ ad : ...